အော်တိုဂီယာ မောင်းနှင်အသုံးပြုသူများ မှန်ကန်စွာ...
 အသုံးပြုတတ်စေရန်အတွက် အမေးအဖြေကဏ္ဍဆောင်းပါး(အော်တိုမိုဘိုင်းဂျာနယ်)
 
 မေး။တစ်လောက အွန်လိုင်းပေါ်မှာ အငြင်းပွားနေကြတဲ့... 
အော်တိုဂီယာအကြောင်းနဲ့ OD(Over drive off) အသုံးပြုပုံအကြောင်း နဲ့ 
အော်တိုဂီယာ ဘရိတ်စနစ်အကြောင်းလေး မေးချင်လို့ပါ။
 
 ဖြေ။ဟုတ်ကဲ့ အော်တိုဂီယာနဲ့ပတ်သက်ပြီး အစ်ကိုသိလိုရာကို... မေးမြန်း 
နိုင်ပါတယ် ကျွန်တော်သိသလောက် အမှန်ဆုံးဖြစ်အောင်နဲ့ 
ယာဉ်မောင်းသူတွေအတွက်လုံခြုံမှု့ကားမပျက်အောင်အတွက်ပါစေတနာထားပြီးဖြေကြားပေးပါမယ်ဗျာ...ဒီနေရာမှာ
 ဒီအကြောင်းဟာ လူ့အသက်ကို ဦးစားပေးပြီး... ကားအတွက်ကို 
နောက်မှာထားပါတယ်ဆိုတာ သိစေချင်ပါတယ်...
 
 မေး။ ဟုတ်ကဲ့ပါ ဒါဆို ပထမဆုံး အော်တိုဂီယာကိုဘယ်လိုမောင်းနင်ရမယ်ဆိုတာလေးကို အကြမ်းဖျင်းပြောပြပါလား။
 
 ဖြေ။အော်တိုဂီယာကို မောင်းမယ်ဆိုရင် ဘယ်ဘက်ခြေထောက်ကို လုံးဝမေ့ထား 
သင့်ပါတယ်...ညာဘက် ခြေထောက်တစ်ဘက်တည်းနဲ့သာ လီဘာ(Accelerator 
pedal)နဲ့ဘရိတ်( Brake pedal)ကို အသုံးပြုသင့်ပါတယ်... 
ဘာဖြစ်လို့လည်းဆိုတော့လီဘာမှာKD(Kick Down Switch)လို့ခေါ်တဲ့... 
ဂီယာအချိန်းအပြောင်းကို အင်္ဂျင်အပတ်ရေ(RPM) နဲ့ထိန်းချုပ်ထားပြီး... 
ဘရိတ်မှာတော့ STP (Stop Light Switch) ရှိပါတယ်... KD မီးကြိုးရော STP 
မီးကြိုးရော ECU(Engine control unit), ECM( Engine Control Module )box 
ခေါ်တဲ့ အင်္ဂျင်ကွန်ထရိုးဘောက်ထဲကိုဝင်ပါတယ်... KD မီးရဲ့အလုပ်လုပ်ပုံက 
လီဘာနင်းချိန် အင်္ဂျင်အပတ်ရေပြည့်ရင်... မိုင်နှုန်းပြမီတာ(Speed meter 
)ရဲ့ထိန်းချုပ်မှု့ အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle position 
sensor)တို့ရဲ့ထိန်းချုပ်မှု့နဲ့ လိုအပ်သလို ဂီယာအချိန်းအပြောင်း 
လုပ်ပေးပါတယ်... STP ကတော့ ဘရိတ်နဲနဲနင်းလိုက်လို့ ECU 
ထဲကိုမီးဝင်သွားရင်... အင်္ဂျင်အပတ်ရေ ၁၀၀၀ အောက်ထိ 
ဆီဖြတ်ပစ်ပါတယ်...ထပ်နင်းလိုက်ရင် speed meter ရဲ့ တွက်ချက်မှု့အရ... 
ဂီယာကိုဒေါင်းပေးကာ Automatic transmission lock up torque converter 
လုပ်ပြီး ကားရဲ့မောင်းနှင်နေတဲ့အော်တိုဂီယာစနစ်ကို အမြန်ဆုံးရပ်ပစ်တာပါ... 
အရှိန်ကိုလိုက်ပြီး ဂီယာကို လိုအပ်ရင် လိုအပ်သလိုတစ်ချက်ချင်းဒေါင်းပြီး...
 အမြန်လိုအပ်ရင် နံပါတ် ၁ ဂီယာအထိအမြန်တစ်ခါတည်းဒေါင်းပေးပါတယ်... 
ခုခေတ်မော်ဒယ်မြင့်ကားတွေမှာတော့ 2 Step Break Switch တွေကိုသုံးပါတယ်...
 
 ဒါကြောင့် ဘယ်ဘက်က ဘရိတ်ပေါ်ခြေထောက်တင်ထားပြီး ညာဘက်က... လီဘာနင်းနေရင် 
ကားရဲ့ အင်္ဂျင်ထိန်းချုပ်မှု့စနစ် အော်တိုဂီယာထိန်းချုပ်မှု့စနစ်တွေ 
ရှုပ်ထွေးကုန်ပြီး ဂီယာရော အင်္ဂျင်ပါနာပြီး ပျက်တတ်ပါတယ်... 
အော်တိုဂီယာကားတိုင်းလိုလို ဘယ်ဘက်ခြေထောက်တင်ဖို့ကို... ဘရိတ်ဘယ်ဘက် 
အစွန်မှာထားပေးတတ်ပါတယ်... ဒါကြောင့် အော်တိုဂီယာကားကို မောင်းနှင်ရင် 
ညာဘက်ခြေထောက်တစ်ချောင်းထဲနဲ့သာ မောင်းနှင်ရမယ်လို့ ...ကားကုမ္ပဏီတွေက 
အတိအကျညွှန်ကြားထားပါတယ်ဗျာ...
 
 မေး။ဒါဆို အော်တိုဂီယာအလုပ်ပုံ 
ပါဝင်တဲ့ဂီယာတွေကိုပြောပြပေးပါလား... အော်တိုဂီယာတွေအလုပ်လုပ်ပုံက... 
Hydraulically ခေါ်တဲ့ ဆီဖိအားစနစ်ဖြင့်ကားကို ရွေ့လျားစေတာပါ... 
အော်တိုဂီယာဆီပန့်(Oil pump) မှာ ဖရုံသီး (converter)အဝင်ဂီယာ၏ input shaft
 တွင်ထိုင်ထားပါတယ်... ဆီမရှိရင် ကလပ်ပလိပ်ပြားတွေကို ဆီနဲ့ 
ဖိအားမပေးနိုင်လို့ ကားမသွားပါဘူး... ဆီနည်းနေရင်လည်း 
ပုံမှန်လောက်ကားမဆွဲပါ...ဆီများပြန်ရင်လည်း... အော်တိုဆီအရမ်းပူပြီး 
ဂီယာကလပ်ပြားလေးတွေပျက်တတ်ပါတယ်... ဂီယာအချိန်းအပြောင်းလုပ်တာကတော့ 
အပေါ်ကပြောတဲ့အတိုင်း... KD မီးရဲ့ကြိုးက လီဘာနင်းချိန် 
အင်္ဂျင်အပတ်ရေပြည့်ရင်... မိုင်နှုန်းပြမီတာ(Speed meter )ရဲ့ထိန်းချုပ်မှု့
 အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle position 
sensor)တို့ရဲ့ထိန်းချုပ်မှု့နဲ့ လိုအပ်သလို ဂီယာအချိန်းအပြောင်း 
လုပ်ပေးဖို့ကို ECU box ကနေ TCU (Transmission control unit)ကို... D1, 
D2,D3,D4,D5 ဆိုပြီး အမြင့်ဆုံးပါတဲ့ဂီယာအထိမီးကြိုးတွေနဲ့ 
ထိန်းချုပ်အလုပ်လုပ်ပါတယ်... တစ်ချို့မော်ဒယ်မြင့်ကားတွေမှာ TCU control 
box နဲ့... အော်တိုဂီယာထိန်းချုပ်မှု့စနစ်ပါပါတယ်... အော်တိုဂီယာတွေမှာ 
ဆီမကောင်းရင် ဂီယာပျက်တတ်သလို... ATF နဲ့ CVT မှားရင်လည်း 
ဂီယာပျက်တတ်ပါတယ်... အော်တိုဂီယာနဲ့ CVT (Continuously variable 
transmission) ကို... ကျွမ်းကျင်သူတွေဆို ဂီယာအပြင်ပိုင်းနဲ့ 
ဂီယာမောင်းတံ(Shift lever)ကိုကြည့်ပြီး... ခွဲနိုင်သလို... ဆီတိုင်းတံမှာ 
အော်တိုဆီဆိုရင် ATF လို့ရေးထားပြီး... CVT Gear ဆိုရင် CVT လို့ 
ခွဲခြားရေးထားပေးပါတယ်ခင်ဗျာ...
 
 မေး။ 
ဂီယာမောင်းတံအသုံးပြုပုံလေးရောပြောပြပေးပါ... အော်တိုဂီယာတွေမှာ OD Button 
ပါတဲ့ကားတွေရှိသလို လုံးဝမပါတဲ့ကားတွေ လည်းရှိပါတယ်...အောက်က 
ပုံတွေမှာပါတဲ့ကားတွေက... ဂီယာမောင်းတံ (Shift Lever) မှာ OD 
လုံးဝမပါတဲ့ကားတွေပါ... Shift Lock Button ပါတဲ့ကားတွေရှိသလို... Shift 
Lock Button လုံးဝမပါတဲ့ကား... Shift Lock ကို 
ကားသော့ထည့်ပြီးသုံးရတဲ့ကားတွေလည်းရှိပါတယ်... 
တန်ဖိုးကြီးကားတစ်ချို့မှာတော့ လုံးဝမထည့်ထားပါ... ကားလုံခြုံရေးအတွက် 
သော့ဖွင့်ပြီး ဘရိတ်နင်းမှသာ ဂီယာထည့်လို့ရအောင် လုပ်ထားပေးပါတယ်... 
ဂီယာမောင်းတံရွေ့ရာတွင် Release button ခေါ် ဂီယာမောင်းတံဘေးမှ ခလုတ်ကို 
နှိပ်မှရွေ့ပြောင်းဂီယာထည့်ရသော ကားများရှိသလို... Release button 
ခလုတ်မပါဘဲရွေ့၍ရသော ဂီယာမောင်းတံများလည်း... ရှိပါသည်...ပုံ (၂) မှ 
Mercedes Benz သည် Release button မပါပါ...
 
 Shift Lock ဆိုတာ 
အော်တိုဂီယာကားတွေမှာ ဂီယာမောင်းတံကို P Position ကနေ 
စက်နိုးပြီးဘရိတ်မနင်းပဲ ကျန်တဲ့ ဂီယာတွေကို ထည့်မရအောင် အထိန်းသဘောမျိုး 
ထည့်ထားပေးခြင်းဖြစ်ပါ... ဘရိတ်နင်းလိုက်ချိန်တွင် ဘရိတ်(Brake 
pedal)နင်းတံအတွင်းဘက်တွင်တပ် ဆင်ထားသော ဘရိတ်မီးခလုတ်(Brake pedal switch)
 မှ တစ်ဆင့်... ရီလေး(Relay)သို့ မီးပေးကာ...Shift lock solenoid ခလုတ်ကို 
ဖွင့်ပေးပါတယ်... ထို့ကြောင့် ဘရိတ်နင်းမှ ဂီယာမောင်းတံ 
ပြောင်းလို့ရတာပါ... ဘရိတ်နင်းသော်လည်း ဂီယာတံနေရာပြောင်းမရခြင်းသည်... 
ဘရိတ်မီးအဝင် Fuse ပြတ်ခြင်း... Brake pedal switch မကောင်းခြင်း... Shift 
lock solenoid အလုပ်မလုပ်ခြင်းတို့ကြောင့်ဖြစ်ပါ... Shift lock solenoid 
အလုပ်မလုပ်ခြင်းကြောင့် လဲပေးရသောကားများရှိပါတယ်..
 
 မေး။ ဒါဆို ဘက္ကထရီအားကုန်လို့ ဂီယာမောင်းတံရွေ့မရင် ဘယ်လိုလုပ်ရမလဲ?
 
 ဂီယာတံအဖုံးကိုဖွင်းပြီး Shift lock solenoid ကို နှိပ်လိုက်ရင်ရွေ့လို့ရပါတယ်ခင်ဗျာ...
 
 မေး။အော်တိုဂီယာ ဂီယာအသုံးပြုပုံလေးတွေ ပြောပါပေးပါလားဗျာ...
 
 Park ( P ) ကားရပ်ထားစဉ် ကားမရွေ့စေရန်အသုံးပြုတာပါ... P Position 
တွင်ဂီယာမောင်းတံထားပါက ကားရွေ့မရခြင်းသည်... အော်တိုဂီယာဘောက်အတွင်းရှိ 
ဂီယာမိန်းရှပ်တွင်(Output shaft) Lock လုပ်ထားသော ပင်နယံ(Pinion)နှင့် Lock
 switch တို့ကြောင့်ဖြစ်ပါတယ်.. Lock switch သည် ဂီယာမောင်းတံအား P 
မှရွေ့လိုက်သည်နှင့် Lock အထိန်း ဖြုတ်ပေးကာ P သို့ ပြန်ရောက်သည်နှင့် 
စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ကာ 
ရပ်ထားစဉ်ကားနေရာမရွေ့အောင်ထိန်းပေးတယ်... 
သို့သော်အတက်အဆင်းများတွင်ကားရပ်ထားစဉ်... လက်ဆွဲဘရိတ်(Parking Brake)(Hand
 Brake) ပါသုံးသင့်ပါသည်... အချို့ကားများတွင် Parking Brake သည် 
ခြေနင်းအသေးလေးနှင့်... ဘယ်ဘက်တွင်ပါတတ်ပါသည်... ဂီယာမောင်းတံအား P 
တွင်ထားမှ သော့ဖြုတ်၍ရသောကားများရှိသလို... N (Neutral / No gear) တွင်ထား၍
 သော့ဖြုတ်၍ရသောကားများလည်း ရှိပါတယ်ဗျာ...
 
 Reverse (R) နိုင်ငံတစ်ကာတွင်ရော မြန်မာပြည်မှာပါ ဘက်(Back)ဂီယာဟုခေါ်ပါတယ်... ကားနောက်ဆုတ်ရန်အတွက်သာသုံးတာပါ...
 
 N (Neutral / No gear) နိုင်ငံအလိုက် ဖရီးဂီယာ...No Gear ဟုသုံးပါတယ်... ဘယ်ဂီယာမှ မဝင်သောကြောင့် ပါ...
 
 Drive (D) ရှေ့သို့မောင်းနှင်ရာတွင်သုံးတာပါ... နံပါတ် ၁ ဂီယာမှ စတင်ကာ 
အရှိန်အများဆုံးဂီယာအထိ အလိုအလျောက် ကားအရှိန်ကိုလိုက်ကာKD,ECU, TPS 
(Throttle position sensor) , Speed meter sensor,TCU(Transmission control
 unit box) တို့မှ Solenoid များကို အလုပ်လုပ်စေကာ... 
ဂီယာချိန်း(Change)ပေး...ဒေါင်း(Down)ပေးပါတယ်... ဂီယာတစ်ခု မဝင်ပဲ 
လက်ရှိမောင်းနေသောဂီယာမချိန်း မဒေါင်းပေးပါ... ဂီယာထည့်ကာမောင်းနှင်နေစဉ် 
ဖရီး (N) ဖြစ်သွားသည်မရှိပါ...
 
 Third (3) ဂီယာနံပါတ် ၁ မှ ၃ အထိ 
ကားအရှိန်လိုက်ကာ... ဂီယာ အတင် အချ ပြုလုပ်ကာ ချိန်းပေး ဒေါင်းပေးပါတယ်... 
သိပ်မမြင့်သောတောင်တက် တောင်ဆင်းများနှင့်... Off Road များနှင့် Sport 
များတွင်လည်းသုံးကြပါတယ်... Sport မောင်းသောအခါ (3) ဂီယာနှင့် 
လီဘာ(Accelerator pedal) ကိုနင်း၍ မိမိလိုချင်သောအရှိန်ရောက်မှ (D) သို့ 
ပြောင်းထည့်ပါသည်... ECT Power Switch ပါသောကားများတွင် Sport 
မောင်းရာတွင်... power တွင်ထား၍ မောင်းကြပါတယ်...
 
 Second (2) 
ဂီယာနံပါတ် ၁ မှ ၂ အထိ ကားအရှိန်လိုက်ကာ ဂီယာပြောင်းပေးပါတယ်... 
မြင့်မားသောတောင်များတွင် 
အတက်အဆင်းဂီယာအဖြစ်သုံးတယ်...ဆီးနှင်းကျသောနိုင်ငံများတွင် 
နှင်းထဲမောင်းနှင်ရန်သုံးပါတယ်...
 
 First (L)(B) Low ဂီယာအဖြစ် 
ရွံ့ထဲရုန်းသောအခါများ အလွန်မြင့်မားသောတောင်များကို 
ဝန်အလေးနှင့်အတက်အဆင်းလုပ်သောအခါ သုံးပါတယ်... နံပါတ် ၁ 
ဂီယာတစ်ချက်တည်းဖြစ်ပြီး ဂီယာမချိန်းတော့ပါဘူး...
 
 
အချို့သောအော်တိုဂီယာများတွင် Manual စနစ်ဖြင့်မောင်းနှင်နိုင်ရန်... 
ဂီယာမောင်းတံ ဘေးဘယ်ညာတွင် အပေါင်း အနုတ်နှင့်အကွက်လေးများ 
ပါရှိပါသည်...Manual တွင်ထားမောင်းပါက... ဂီယာ ၁ ၂ ၃ ၄ ၅ သို့ပြောင်းရာတွင်
 အပေါင်းဘက်သို့... တစ်ချက်ချင်းတွန်းကာ ဂီယာချိန်းပေးရတယ်... အလိုအလျောက် 
မချိန်းပါဘူး... သတ်မှတ်အရှိန်မရှိသေးပါက ၂ ၃ ၄ ၅ မဝင်ပါ... 
သူ့သတ်မှတ်အရှိန်ရောက်မှသာ ဂီယာဝင်တာပါ... အနုတ်ဘက်သို့ တစ်ချက်တွန်းလျှင် 
ဂီယာ ၅ ၄ ၃ ၂ ၁ သို့... တစ်ချက်ချင်းဒေါင်းပေးပါတယ်... ဘရိတ်နင်းလျှင်လည်း 
သတ်မှတ်အရှိန်အတိုင်း... အလိုအလျောက် ဒေါင်းပေးပါသည်... Manual 
ဖြင့်မောင်းနိုင်လျှင် ဆီစားအနည်းငယ် သက်သာတယ်... ပုံတွင် အော်တိုဂီယာတွင် 
Manual စနစ်ပါသော ဂီယာမောင်းတံကို ကြည့်နိုင်ပါတယ်...
 
 မေး။ECT Power ခလုတ်အလုပ်ပုံလေးကိုရှင်းပြပါလား...
 
 Electroniccally control Transmission ပါ... ECT Power Switch ရဲ့ 
အလုပ်လုပ်ပုံက... Switch Power On လုပ်ထားရင် Auto Transmission ကို Full 
Hydraulically ဖြစ်အောင် ဂီယာဘောက်မှာရှိတဲ့ Speed Sensor , Throttle 
Position Sensor,ECU,ECTတို့ရဲ့ ထိန်းချုပ်မှု့နဲ့ Throttle Idle Plate 
Valve ကို ပုံမှန်ထက် ၁၀% ကျော်ဖွင့်ပေးကာ... Engine Power နဲ့ Auto 
Transmission Power ကိုအပြည့်အဝ ဖြစ်အောင် အသုံးချတာပါ...ဂီယာ 1,2 
မှာအလုပ်မလုပ်သေးပဲ 3 ,4 နဲ့ 5(ပါသောကား) ဂီယာတွေမှသာအလုပ်လုပ်တာပါ... 
အင်္ဂျင်စွမ်းရည် အမြင့်ဆုံးနဲ့ ဂီယာ စွမ်းရည် အမြန်ဆုံးရအောင် 
သုံးတာပါ...Sport တွေနဲ့ တောင်တက်မှာ သုံးတာပါဗျာ... 
ဆီအနည်းငယ်ပိုစားပါတယ်...
 
 မေး။အော်တိုဆီကို ကီလိုဘယ်လောက်သုံးနိုင်ပါလဲ...
 
 အော်တိုဂီယာ(ATF)ဆီကို ဆီအမျိုးအစားပေါ်လိုက်ကာ... ၃၅၀၀ ကီလိုမှ ၄၀၀၀၀ 
အတွင်းလဲလှယ်ပေးလျှင်အကောင်းဆုံးဖြစ်ပါ... အော်တိုဆီကို Dexron 3H 
နှင့်အထက်ထည့်လျှင်သာအကောင်းဆုံးဖြစ်ကာ... Genuine ထည့်လျှင်တော့ 
အကောင်းဆုံးပေါ့ဗျာ... ကျွန်တော်တို့ဆီတွင် အော်တိုဆီအဟောင်းသည် အလွန် 
ညစ်ပတ်နေပါက... အော်တိုဆီစစ်ပါလဲပေးပါသည်...အသစ်မရလျှင် 
ဖြုတ်ဆေးပေးပါတယ်... အော်တိုဆီလဲရင် ဆီကျလာတဲ့ဆီကုန်သွားရင် ၂ 
မိနစ်လောက်... စက်နိုးပြီး ၃ ခါလောက်လုပ်ရတယ်...ဒါမှ ဖရုံသီး (Converter) 
ထဲက ဆီတွေရော ဂီယာထဲမှာ ရှိတဲ့ ညစ်ပတ်တဲ့ ဆီတွေရော... ၁ လစ်ကျော် 
ထွက်လာတတ်ပါတယ်... ဆီမရှိပဲစက်နိုးလို့ ဂီယာပျက်မှာကို မပူပါနဲ့ ဆီမရှိရင် 
ကလပ်ပလိတ်ပြားတွေ... အားလုံး ဖရီးဖြစ်နေတာပါ...ဒါပေမယ့် ၂ မိနစ် ၃ 
ခါထက်တော့ ပိုမနိုးပါနဲ့... ဒီလိုဆီလဲတာကို ကျွန်တော်တို့ဆီမှာ 
ဥရောပကားကုမ္ပဏီဝပ်ရှော့တွေကသင်ပေးတာပါ...
 
 မေး။ CVT ဂီယာအလုပ်လုပ်ပုံလေးပြောပြပေးပါလား...
 
 CVT(Continuously variable transmission) အော်တိုဂီယာတွင်... 
ကားအရှိန်အနှေးအမြန်ကို Metal Belt ခေါ် ပူလီကြိုးဖြင့်... Driven Pulley ၂ 
ခုကို အတင်းအလျော့လုပ်ပေးကာ မောင်းနှင်ပါသည်... Ds ဂီယာဖြင့်မောင်းလျှင် 
ပူလီကြိုးလျော့ပေးကာ... S တွင်ကားအမျိုးအစားအလိုက် ၁ ၂ မှ ၃ 
ဂီယာအလုပ်လုပ်ပါတယ်... B လို့ခေါ်တဲ့... ဂီယာကတော့ နံပါတ် ၁ 
ဂီယာတစ်ချက်တည်းပါ...Over drive မောင်းချိန်တွင် ပူလီကြိုးအတင်းဆုံးသို့ 
Sensor, Solenoid များ ဖြင့် အလုပ်လုပ်စေပါသည်...ထို့ကြောင့် CVT ဂီယာသည် 
ရိုးရိုးအော်တိုဂီယာ ထက် အထအလွန်မြန်ပြီး သွက်တယ်ဗျ... CVT ဂီယာတွင် CVT 
Oil သာ အသုံးရမှာပါ...
 
 မေး။ ဘာဖြစ်လို့ ဂီယာ N နဲ့ P မှာသာစက်နိုးလို့ရပါသလဲဗျာ...
 
 ဖြေ။ ဟုတ်ကဲ့...အော်တိုတွေမှာ P နှင့် N position တွင်သာစက်နိုး၍ရပါတယ်...
 ဒီလိုဖြစ်တာကတော့... စတတ်ရီလေး(Start relay) မီးအဝင်ကြိုးသည် သော့အုံမှ...
 ဂီယာဘောက်ရှိ ဂီယာမီးပြသောစနစ် (Gear position control light) 
သို့ဝင်ရောက်သွားကာ... P နှင့် N position တွင်သာ စတတ်ရီလေးသို့မီးပေး 
အောင်တမင်လုပ်ထားတာပါ... ကျန်တဲ့ ဂီယာတွေမှာ စက်နိုးရင်ဂီယာဝင်နေချိန် 
ကားထွက်သွားပြီးတိုက်မှာစိုးလို့ပါ...EFI ကားတွေက စက်စနိုးတဲ့အချိန်... 
Idle Air Control Motor နေပြီး အင်္ဂျင်အပတ်ရေကို ၁၅၀၀ အထိတင်ပေးကာ... 
အင်္ဂျင်ရေအပူချိန်ဆင်ဆာရဲ့ အပူချိန်ကိုဖတ်ပြီး...ရေမပူသေးရင်... 
ဖြေးဖြေးချင်း စလိုး(slow) ချပေးပြီး...လိုအပ်တဲ့အပူချိန်ရှိရင်တော့... ၄/၅
 စက္ကန့်အတွင်း စလိုးအပတ်ရေ ချပေးပါတယ်... အဲ့တော့ ဂီယာဝင်နေရင် အပတ်ရေ ၁၅၀၀
 နဲ့ဆို ကားဘရိတ်မနင်းဘဲ... စက်နိုးရင် နီးစပ်ရာတိုက်မိမှာစိုးလို့ ဒီလို 
လုပ်ထားတာပါဗျာ... ဒါပေမယ့် ကားစက်နိုးတာနဲ့ NSW မီးကြိုးဟာ... ECU box 
သို့ဝင်ကာ TCU မှတစ်ဆင့် ဂီယာဘောက်အတွင်းရှိ... Solenoid ကို မီးဖြင့် 
ထိန်းချုပ်ကာ စက်နိုးချိန်ဂီယာ ဖရီးဖြစ်ရန် အလုပ်လုပ်ပေး 
ပါသေးတယ်...စတတ်မီးကြိုးချို့ယွင်းချက်ရှိ၍ ဂီယာဝင်နေချိန်တွင်နိုးမိပါက...
 ကားဆောင့်ထွက်သွားမှာကိုကာကွယ်ထားခြင်းဖြစ်သည်... ကားကုမ္ပဏီများ၏ 
လုပ်ထားပုံသည် အလွန် အကွက်စေ့ကာတိကျတယ်ဗျ...
 
 မေး။ ဟုတ်ကဲ့ ကားကုမ္ပဏီတွေလုပ်ထားတာ စိတ်ချရတာပေါ့နော်... OD off ခလုတ်လေး အသုံးပြုပုံလေး ရှင်းပြပေးပါလား...
 
 မှန်ပါတယ်ခင်ဗျာ...အော်တိုဂီယာစက်နိုးချိန်ကားဆောင့်ထွက်တယ်ဆို... 
ကုမ္ပဏီနာမည်မပျက်အောင် သေချာစီစဉ်ထားတာပါ... OD Off Button ကို 
နှိပ်ထားလျှင် အမြန်ဆုံး ဂီယာတစ်ချက်ကို မထည့်ပေးဘဲ ထိန်းထားတာပါ...OD 
နှိပ်ထားပြီး လီဘာနင်းလျှင်လည်း... ကားအရှိန်သည် ပုံမှန်ထက်အနည်းငယ် 
လျော့သွားတယ်... ကားတော့သွက်တယ် ဒါပေမယ့် ပုံမှန် အင်္ဂျင်အပတ်ရေထက် 
နောက်ကျပြီးမှ... ဂီယာချိန်းတယ်.. အရှိန်အမြင့်ဆုံးဂီယာ 
တစ်ချက်မဝင်ပါဘူး...အဲ့အချိန်မှာ ECU , TCU တို့မှ တစ်ဆင့်... အင်္ဂျင် TPS ,
 Throttle motor တို့ကိုထိန်းချုပ်ကာ... ပုံမှန် အင်္ဂျင်အပတ်ရေ RPM ထက် 
ကားအသွားအရှိန်နှေးစေရန် အလုပ်လုပ်ပေးပါသည်... OD ကို 
တောင်တက်ဆင်းလမ်းများတွင် အသုံးပြုရခြင်းမှာ... ပုံမှန်မောင်းပါက ဂီယာခဏ 
ခဏချိန်းကာ ဆီပူလာပြီး... ကလပ်ပလိတ်(Clucth plate)ပြားများနာကာ 
ဂီယာပျက်မှာကို... ကာကွယ်ခြင်းဖြစ်ပါသည်...အော်တိုဂီယာကားများ 
ဂီယာအပျက်အများဆုံးမှာ လည်း တောင်ပေါ်သုံးကားများသာဖြစ်ပါသည်... 
ကျွန်တော်တို့ဝပ်ရှော့တွင် ပြင်ရသောအော်တိုဂီယာကားများမှာ... တောင်ပေါ်က 
ကားများသာဖြစ်တယ်ဗျ... OD Off ကိုသုံးပြီး မြေပြန့်ခရီးဝေးမောင်းပါက 
ဂီယာတစ်ချက်လျော့နေသဖြင့်... ဆီပိုစားကာ အင်္ဂျင်အလွန်နာပါတယ်... OD ကို 
အသုံးပြုသောနေရာအများစုမှာ တောင်တက်ဆင်းလမ်း... ဟိုင်းဝေးလမ်းမပေါ်ရှိ 
မြို့များအဝင်တွင် ကီလို ၆၀ ၈၀ ထက်ပိုမမောင်းရသော နေရာများ...အမောင်းသင်စ 
သူများတွင်လည်းသုံးပါတယ်...
 
 မေး။ အော်တိုဂီယာ ဘရိတ်အကြောင်းလေးသေချာရှင်းပြစေချင်ပါတယ်... ဒါကလည်း ဝိဝါကွဲပြားနေလို့ပါ...
 
 အော်တိုဂီယာတွေမှာ ABS ပါသောကားဖြစ်စေ မပါသောကားဖြစ်စေ... 
ဘရိတ်နင်းလိုက်သည်နှင့် အရှိန်အလိုက်တွက်ချက်ကာ ဂီယာဒေါင်းပြီး... 
ဂီယာနှင့် ဘရိတ်ကိုတွဲကာ အရှိန်ထိန်းသော စနစ်ကိုသုံးပါတယ်... 
အော်တိုဂီယာကားတိုင်းတွင် ဘရိတ်ခြေနင်းမီးခလုတ်(Brake pedal switch) 
မှတစ်ဆင့် ဘရိတ်နင်းတိုင်း ECU box သို့ STP(Stop Light Switch) 
မီးကြိုးမှတစ်ဆင့်မီးဝင်ပါသည်...ဘရိတ်နင်း၍ STP မီးဝင်တိုင်း... ECU box 
သည် အင်္ဂျင်အပတ်ရေ RPM ၁၀၀၀ အောက်သို့... ချက်ချင်း 
ဆီ...မီးလျော့ပေးပါသည်...အရှိန်ကိုလိုက်ကာ ဂီယာဒေါင်းပေးပြီး... Automatic 
transmission lock up torque converter လုပ်ပြီး ဂီယာ ဘရိတ်ကို တွဲ၍ 
အရှိန်ကိုသေစေတယ်ဗျ... အချို့ဂီယာအော်တိုကားများတွင် ဘရိတ်နင်းသော်လည်း 
အရှိန်မသေခြင်းမှာ... STP မီးလိုင်းစနစ် ချို့ယွင်းချက်ကြောင့်ပေါ့ဗျာ... 
ဘရိတ်ခြေနင်း မီးခလုတ်ဖြုတ်ပြီး စမ်းမောင်းကြည့်ရင်ပိုသိသာပါတယ်... ဂီယာနဲ့
 ထိန်းလည်း အရှိန်နဲနဲလေးကို STP မီးဝင်သလို ချက်ချင်းမရပ်သွားဘူး... 
ဘရိတ်မမိသလို ဖြစ်နေတယ်...အမှန်တော့ ဘရိတ်မမိတာမဟုတ်ပါဘူး... STP 
မီးမဝင်လို့ အင်္ဂျင်ကလည်း အပတ်လျော့ပြီး ဆီမဖြတ်ပေး... နောက် automatic 
transmission lock up torque converter မလုပ်ပေးတော့... ဂီယာနဲ့ မထိန်းပဲ 
သွားနေလို့ပါ... အော်တိုဂီယာကို ထုတ်သော ကားကုမ္ပဏီတိုင်းသည် သေချာစမ်းသပ် 
စီစဉ်ပြီးမှ ထုတ်တာပါ... ဘရိတ်ကို ဂီယာမောင်းတံကို ဒေါင်း၍၎င်း... OD 
ကိုနှိပ်၍ တွဲသုံးရသည်ကို၎င်း တစ်ခါမှ မကြားဖူးပါဘူး... ကားကီလို ၁၂၀ ၁၄၀ ၁၅၀ 
ကျော်မောင်းနေချိန်တွင် ဘရိတ်နင်း၍ လက်ကိုင်ဂွေကို လွှတ်ကာ 
မောင်းတံသို့...OD ခလုတ်သို့ လက်တစ်ဖက်သွားခြင်းဟာ... အလွန်အန္တရာယ်များ 
မများကို စာဖတ်သူများကိုယ်တိုင်ဆုံးဖြတ်ရန်သာ... 
ထားလိုက်ပေါ့ဗျာ...အော်တိုဂီယာသည် ဘရိတ်နင်းလိုက်သည်နှင့်... အင်္ဂျင် 
ဂီယာဖြင့် ထိန်းပြီးရန် ကုမ္ပဏီမှ ပြည့်စုံအောင်လုပ်ပေးထားပါတယ်... 
အသက်ဥာဏ်စောင့်ဆိုသည့်စကားအတိုင်း မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ရန်သာ... 
ကားတစ်စီးသည် အော်တိုဂီယာဖြစ်စေ...ရိုးရိုး(Manual)ဂီယာဖြစ်စေ... 
ယာဉ်အန္တရာယ်ဖြစ်ခြင်းမှာ ယာဉ်မောင်းသူ၍ ကျွမ်းကျင်မှု့... 
မိမိထိန်းသိမ်းနိုင်သော အရှိန်ထက်ပိုမောင်းခြင်း... အရက်သေစာသောက်စာမူးယစ်၍
 မောင်းခြင်း... လမ်းစည်းကမ်း...ယာဉ်စည်းကမ်းမလိုက်နာဘဲ 
မောင်းခြင်းနှင့်သာဆိုင်တယ်လို့.. ကျွန်တော်ထင်ပါတယ်...ဥပမာ ကီလို ၁၀၀ 
မောင်းနေရင် ရှေ့ကားနဲ့ မီတာ ၅၀ လောက် အနည်းဆုံးခွါထားရမယ်...ကီလို ၁၅၀ 
မောင်းနေရင်... ရှေ့ကားနဲ့ မီတာ ၈၀ ကျော်ခွါထားရမယ်...ကားကျော်ရင် 
လမ်းတောင်းပြီး... ရှေ့ကားလမ်းပေးမှ ကျော်တာ အန္တရာယ်အကင်းဆုံးပါ... ခုတော့ 
ဒီလိုစည်းကမ်းတွေ မလိုက်နာဘဲ ငါကားနင်းတိုင်းရတာဘဲဆိုပြီး... ရှေ့က 
လမ်းအခြေအနေအရ လမ်းမပေးတာကို... ကားကို ဖင်ကိုတေ့ထား... ဇွတ်ကျော်ရင်တော့ 
ယာဉ်အန္တရာယ်ဆိုတာရှိမှာဘဲဗျ... ဘာဘရိတ်နဲ့ ဖမ်းဖမ်း အဲ့လိုတွေတော့ 
မရပါဘူးဗျာ...ပြောရင်း လမ်းလွဲကုန်တော့မယ်...လိုရင်းပြန်ဆက်ရအောင်ဗျာ...
 
 မေး။ ဟုတ်ကဲ့ STP မီးပါတဲ့ စနစ်က ချက်ချင်းရပ်ပါသလား...
 
 ဖြေ။ STP မီးစနစ်နဲ့ ABS စနစ်က ခုခေတ်ကားတိုင်းပါတယ်... ကားကုမ္ပဏီတွေကလည်း
 ကားရောင်းတည်းက ကီလို ဘယ်လောက်မောင်းရင်... ဘယ်မီတာအတွင်းမှာ 
ကားရပ်ပါတယ်ဆိုတာကြော်ငြာပေးထားပါတယ်... တစ်ခုတော့ ရှိတာပေါ့ဗျာ...ဘရိတ်ကို
 မနင်းဘဲ တို့ရုံလေးထိထားလို့ကတော့... အင်္ဂျင်အပတ်ရေ ၁၀၀၀ အောက်ဆီဖြတ်ပေမယ့်
 ဂီယာမဒေါင်းပေးပါဘူး... ကီလို ၁၆၀ လောက်မောင်းနေချိန်မှာ ၁၅၅ 
ကီလိုဖြစ်သွားဖို့က... ဘရိတ်မလိုပါဘူး...လီဘာကိုခြေကြွလိုက်တာနဲ့ ကီလို ၁၅၅
 အောက် တန်းပြီး... အရှိန်လျော့သွားပြီးသားပါ...ဒီလို ဘရိတ်ကို ထိရုံနဲ့ 
ဂီယာမဒေါင်းပေးတာဟာ... ဂီယာချိန်းလိုက် ဒေါင်းလိုက်နဲ့ မလိုအပ်ဘဲ 
ဆီစားမှာစိုးလို့... Speed meter နဲ့ TCU က ထိန်းထားပေးတာပါ... 
ဘရိတ်ကိုအဆုံးအထိနင်းရင်တော့ automatic transmission lock up torque 
converter ချက်ချင်းလုပ်ပေးပြီး ဂီယာကို ၁ ထိဒေါင်းပေး... အင်္ဂျင် 
ဆီဖြတ်ပြီး...အင်္ဂျင် ဂီယာ ဘရိတ်စနစ်ကိုတွဲသုံးပြီး... အမြန်ဆုံး 
အရှိန်သေအောင် လုပ်ပေးပါတယ်... ဥပမာ ကီလို ၁၈၀ မောင်းနေရင် ၁ စက္ကန့် မီတာ 
၄၉ မီတာသွားမယ်... ရှေ့မှာ အန္တာရယ်ရှိလို့ ဂီယာကို manual ရွေ့ ၃ 
ချက်လောက်ဒေါင်းတော့... ၃ စက္ကန့်အနည်းဆုံးကုန်သွားပြီ ၁၄၇ မီတာ 
ရှေ့ရောက်သွားပြီ... ဂီယာဒေါင်းပြီး ဘရိတ်နင်း ၄ စက္ကန့် ရှိတော့ ၁၉၆ 
မီတာ(၆၄၆ပေ) ရှေ့ရောက် သွားပြီ...ဘရိတ်မိမှာနဲ့ဆို ၂၁၅ မီတာ 
ကျော်နေပြီဗျ... ဒီအချိန်မှာ အန္တာရာယ်မြင်တာနဲ့ ဘရိတ်ကို နင်းချလိုက်ရင် 
မီတာ ၇၀ လောက်တင် ကားရပ်နေပြီ...ခုကားတွေက ABS ပါတော့ ဘေးဘယ်ညာ မဆွဲဘူး... 
ဘရိတ် လျောတိုက်ပါမသွားဘူး...အရင်ဘရိတ်တွေထက်အများကြီးသေချာတယ်... 
ဒါကြောင့် အဲ့အချိန် OD ခလုတ်သေးသေးလေးရှာနှိပ်တာ... 
ဂီယာဒေါင်းတာတွေလုပ်နေရင် အော်တိုကလပ်ပလိတ်နာ အင်္ဂျင်နာ... ကားလည်း 
နောက်ကျပြီးမှရပ်မှာပါလို့ပြောချင်ပါတယ်ဗျာ...
 
 မေး။ ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတဲ့အတွက်... ကျေးဇူးတင်ပါတယ်ဗျာ...
 
 ဖြေ။ ဟုတ်ကဲ့ ကျွန်တော်လည်း အများသိအောင်ရှင်းပြခွင့်... ရတဲ့အတွက်ကျေးဇူးတင်ပါတယ် ခင်ဗျား....
 Credit to >>> Toetar Atoe
                                                                       
Friday, December 12, 2014
Subscribe to:
Post Comments (Atom)
.jpg)






 
 
 
 
 
 
 
0 comments:
Post a Comment