Tuesday, May 20, 2014

ယဉ်ကျေးမှု၊စာရိတ္တပညာ၊ အတွေးအခေါ်နှင့် စာရိတ္တစွမ်းရည် မြင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

ယဉ်ကျေးမှု၊စာရိတ္တပညာ၊ အတွေးအခေါ်နှင့် စာရိတ္တစွမ်းရည် မြင့်တင်ရေး
သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်


ပဲခူးတိုင်းဒေသကြီး ပြည်ခ၇ိုင် ပေါက်ခေါင်းမြို. အမျိုးဘာသာ၊သာသနာစောင့်
ရှောက်ရေးအတွက် ယဉ်ကျေးမှု၊စာရိတ္တပညာ၊အတွေးအခေါ်နှင့် စာရိတ္တစွမ်း
ရည် မြင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ. ၂၀.၅.၂၀၁၄ နေ.
နံနက် (၉)နာ၇ီအချိန်အတွင် ပေါက်ခေါင်းမြို. အမှတ်(၁)ရပ်ကွက် ပုပ္ပာရုံဓမ္မ
ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ.ပါသည်။
အခမ်းအနား အစီအစဉ်အရ ပထမဦးစွာ နမောတသာ သုံးကြိမ်ရွတ်ဆို ဘုရား
ကန်တော.၍ အခမ်းအနားကိုဖွင့်လစ်ခဲ.ပါသည်။
ဆက်လက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ.မှ သြ၀ါဒ ဆရာတော် ထောင်ရကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူတော်မူကြ၍
ကုသိုလ်ကောင်းမှုအစုစုတို.ကို ရေစက်သွန်ချ အမျှပေးဝေကြပါသည်။
အစီအစဉ်အရ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ.(ဗဟို) မှ
အရှင် စန္ဒာသီရိမှ သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျောက်ထားပါသည်။
ဆက်လက်၍ သင်တန်းနှင့်ပတ်သက်၍ သင်တန်းသား ဦးစန်းယုရှိန်မှ ကျေး
ဇူးတင်စကားလျှောက်ထားပါသည်။
ဆက်လက်၍ သင်တန်းဖွင့်လစ်နိုင်ရေးအတွက် အလှူငွေများထည်.၀င်လှူ
ဒါန်းကြသော မြို.မိ၊မြို.ဖများ၊အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်
ခဲ.ကြပါသည်။
အခမ်းအနားကို နံနက် ၁၀း၃၀ တွင်ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍
အောင်မြင်စွာရုပ်သိမ်းခဲ.ပါသည်။
အဆိုပါ သင်တန်းသို. ပေါက်ခေါင်းမြို.နယ်အတွင်းမှ သင်တန်းသားသင်တန်း
သူ (၁၂၅) ယောက်တက်ရောက်ခဲ.ကြောင်း သတင်းရရှိပါသည်။
 
ပေါက်ခေါင်းသတင်း's photo.

0 comments:

Post a Comment

Facebook Like Page