Saturday, May 10, 2014

ပြသနာလမ်းများ

ပြသနာလမ်းများ
အများပြည်သူသိရှိနိုင်စေရန်

ကျေးလက်ဒေသဖွံ့ဖြိးရေးလမ်းတွေကို အစိုးရမှချထားဖေါက်လုပ်လျှက်ရှိရာ ဒီလမ်းကတော့ ပဲခူးတိုင်းဒေသကြီးပေါက်ခေါင်းမြို့နယ် မှဗောဓိကုန်း-သဖန်းကိုင်းလမ်းဖြစ်ပါသည်။ယနေ10.5.2014နေနံနက်တွင့် ယင်းလမ်းကော်မတီဝင် တစ်ဦးဖြစ်သည့်ဦးမြင့်ဦးဖိတ်ကြေားချက်အရ လမ်းနှင့်ပတ်သက်သည့်အကြံဥာဏ်များပေးပါအုံးဆိုသည့်အတွက်ရောက်ရှိသွားပါသည်။လမ်းကို ဗောဓိကုန်းရွာဘက်မှစတင်ခင်းနေပါပြီ။အောက်ကကျောက်ကြီးခင်းပြီး အပေါ်က 1/2 ကျောက်ခင်းတာဟာ ပုံမှာမြင်ရသညအတိုင်း ကျောက်ကြီးကြား ဝင်ရုံလောက်ခင်းထားတာတွေ့ရပါသည်။ ဒါနဲ့လမ်းရဲ့စည်းမျဉ်းကိုမေးကြည့်တော့ သူပြောတာနဲ့လုပ်ထားတာ ထက်ဝက်လောက်ကွာနေတာတွေ့ရပါတယ်။ဥပမာ အမြင့် ၁ ပေ ဆိုရင်၆လက္မခင်းတယ် ၂လက့်္မဆိုလျှင် တစ်လက်မလောက်ခင်းထားတာတွေ့ခဲ့ရပါတယ်။ နေရာတိုင်းတော့မဟုတ်ပါဘူးပြည့်တဲ့နေရာတော့ပြည့်ပါတယ်။စံမမှီတာက လမ်းရဲ့3/4 ဖြစ်နေတယ်။ဆိုလိုချင်တာက အစိုးရကပြည်သူတွေအတွက်ချပေးတဲ့ငွေကိုစံမှီအောင်လုပ်မပေးတာ ဘယ်သူလဲ ။ကျေးလက်ဦးစီးလား။လွှတ်တော်ကိုယ်စားလှယ်လား။ဒီလမ်းကိုခင်းနေသည့်အာရှမျိုးဆက်သစ်လား။ဆိုလိုချင်တာက သိန်း၁၀၀၀ချထားပေးတာကို သိန်း၅၀၀ဖိုးခင်းတာ ဆိုရင် ဘယ်သူတွေစားနေတာလဲ ။ပေါင်းစားနေတာလား ပေါင်းမစားဘူးဆိုလျှင် မစားတဲ့သူတွေကစားနေတဲ့သူကိုရဲရဲဝံ့ဝံ့ဖေါ်ထုပ်ပေးပါ။အများနစ်နာနေတာကို လက်ပိုက်ကြည့်မနေနိုင်လို့ ဖော်ထုပ်ရပါသည်။
Credit to >>https://www.facebook.com/san.lin.90813236

0 comments:

Post a Comment

Facebook Like Page