ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပပြုလုပ်
=========================
၂၀၁၄ ခုနှစ် ပေါက်ခေါင်းမြို.နယ် ပုပ္ပာရုံကျောင်းတိုက်တွင် ဖွင့်လစ်သော နွေ
ရာသီ ရက်တို(၁၅)ရက် ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲအခမ်းအ
နားကို ယနေ. ၃၀.၃.၂၀၁၄ နေ. နံနက်(၈)နာရီအချိန်တွင် ပေါက်ခေါင်းမြို.
ပုပ္ပာရုံဓမ္မရိပ်သာတွင် ကျင်းပပြုလုပ်ခဲ.ပါသည်။
အခမ်းအနားကို နမောတသာ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော.၍ဖွင့်လစ်ခဲ.
ပါသည်။ဆက်လက်၍ ပုပ္ပါရုံကျောင်းဆရာတော် ဦးဝိသုဒ္ဓ ထံမှ (၅)ပါးသီလ
ခံယူ၍ သြ၀ါဒခံယူခဲ.ကြပါသည်။
အစီအစဉ်အရ ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းဆင်း ကျောင်းသား
ကျောင်းသူများအား အလှူရှင်များက အမှတ်တရလက်ဆောင်ပစ္စည်းများ
ပေးအပ်ခဲ.ပါသည်။
ဆက်လက်၍ ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းဆင်း ကျောင်းသား
ကျောင်းသူလေးများက ဓမ္မပူဇာ တေးကဗျာများဖြင့်သီဆိုပူဇော်ခဲ.ကြပါသည်။
အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွက်ဆို၍ ရုပ်သိမ်းခဲ.ပါသည်။
အခမ်းအနားသို. ပေါက်ခေါင်းမြို.နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အဖွဲ.၀င်
များ ၊မြို.နယ်ရဲတပ်ဖွဲ.မှူးနှင့် ဖိတ်ကြားထားသူများ၊ပုပ္ပါရုံဓမ္မရိပ်သာ ဂေါပက
အဖွဲ.၀င်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ
များတက်ရောက်ခဲ.ကြကြောင်းသတင်းရရှိပါသည်။

0 comments:
Post a Comment