Tuesday, December 3, 2013

သတင်းမီဒီယာများသို.ပြန်ကြားရေးဝန်ကြီးပြောကြားချက်

သတင်းမီဒီယာများသို.ပြန်ကြားရေးဝန်ကြီးပြောကြားချက်

ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် အရေးအသားများ ဖော်ပြနေသည့် သတင်း မီဒီယာများကို အစိုးရက အရေးယူမှုများ ပြုလုပ်မည် မဟုတ်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

သတင်းဖော် ပြမှုထက် လူ ပုဂ္ဂိုလ်အရေးတိုက် ခိုက်ရေးသားနေ သည့် သတင်းမီဒီယာများကို အစိုးရပိုင်းမှ ဝင် ရောက် အရေးယူမှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က ပြောသည်။

ယင်းအပြင် ပုဂ္ဂိုလ်ရေးတိုက် ခိုက်ရေးသားခံရသူအနေဖြင့် တရား ဥပဒေနှင့် အညီတရား စွဲဆိုမှု များ ပြုလုပ် နိုင်ပြီး ရေးသားသူများအ နေဖြင့်လည်း လူမှုတာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ရေးသားသင့် ကြောင်း ပြည်ထောင်စု ဝန်ကြီးက ထောက်ပြပြောသည်။

ဒီဇင်ဘာ ၁ ရက်က ရန်ကုန် မြို့တော်ခန်းမတွင်ပြုလုပ်သည့် သက်ကြီး စာပေပညာရှင်များပူ ဇော်ပွဲကို တက်ရောက် လာသည့် ပြည်ထောင် စုဝန်ကြီးကို သတင်း ထောက် များက ပြည်တွင်း သတင်း မီဒီယာတချို့တွင် ပုဂ္ဂိုလ်ရေးဆန် သည့် ရေးသား ထုတ်ဝေမှုများကို အရေးယူမှုပြုလုပ်မည့် အစီအစဉ် ကို မေးမြန်းရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်ကပြောခဲ့ ခြင်းဖြစ်သည်။

''အစိုးရအနေနဲ့လုပ်သွား ဖို့မရှိပါဘူး။ နစ်နာသူအနေနဲ့က တော့ ဥပဒေနဲ့ အညီ တရားမ ကြောင်း အရ တရားစွဲဆိုတာမျိုး ပေါ့။ ဒါတွေကတော့ ကျွန်တော် တို့ကန့်သတ်လို့မရဘူး။ သူတို့ရဲ့ သဘောဆန္ဒအရလုပ်တာ။ ပြည် သူတွေရဲ့ သဘောဆန္ဒအရလုပ် တာလေ''ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

''ဒီလိုရေး သား မှုတွေ ကို ထိန်းချုပ်မယ်၊ နှိပ်ကွပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆောင်ရွက်သွားဖို့လဲ မရှိပါဘူး''ဟု ဝန်ကြီးဦးအောင် ကြည်က ပြောသည်။
Credit to>>https://www.facebook.com/nain.konain
                                                                             www.pkgcitynews.blogspot.com

0 comments:

Post a Comment

Facebook Like Page