ခြေသလုံး ကြွက်တက်ခြင်း အတွက် သဘာဝ အိမ်တွင်း ကုထုံးများ
 
( ၁ ) အိပ်ရာ မဝင်ခင် နွားနို့ ပူပူ တစ်ခွက် သောက်တာ က ခြေသလုံး ကြွက် တက်တဲ့ ဝေဒနာ ကို သက်သာ စေတဲ့ ထိရောက် တဲ့ နည်းပါ။
 
( ၂ ) အိပ်ရာ မဝင်ခင် ကြက်သီးနွေး ရေချိုး တာက ခြေသလုံးကြွက် တက်တာ ကို သက်သာ စေတဲ့ နည်းလမ်း ကောင်း တစ်ခု ပါ။ ကြွက်တက် ပြီး နာကျင် နေတဲ့ ခြေ သလုံး နေရာကို ကြက်သီး နွေးရေ များများ လောင်းချပေး ရပါမယ်။
 
( ၃ ) အိပ်ရာ ထဲ ရှိနေချိန်မှာ တတ်နိုင်သ လောက် ခြေထောက် ကို ဆွဲဆန့် ပေးပါ။ ပြီးရင် အဲဒီအနေ အထားနဲ့ နာရီ ဝက်ခန့် နေပေးပါ။ မတ်တတ် ရပ်နေစဉ် ခြေ ဖနောင့် ကို ကြမ်းပြင် ပေါ် ချထား ပေးပြီး ခြေ ချောင်း တွေကို အပေါ်ကို ကော့ထား ပါ။ ဒါက ခြေသလုံး ကြွက် တက်တာ အတွက် နည်းလမ်း ကောင်း ဖြစ်ပါတယ်။
 
( ၄ ) ခြေသလုံး ကြွက်တက် ရင် နံရံပေါ်မှာ ခြေချောင်းတွေ ဖိထားရင်း ခြေတံ ကောက် ကြွက်သား တွေကို ဆွဲဆန့် ပေးပါ။
 
( ၅ ) ကြွက်တက် တဲ့ ခြေသလုံး ပေါ် ရေနွေး အိတ် တင်ပေး တာကလည်း သက်သာ စေ တဲ့ နည်း ဖြစ်ပါတယ်။
 
( ၆ ) တစ်နေ့ ငှက်ပျော သီး ၂ - ၃ လုံး စားပါ။ ဒါဆိုရင် ပိုတက်စီယမ် စုပ်ယူမှု ရရှိပြီး ကြွက် တက်တာ ကို သက်သာ စေပါတယ်။
 
( ၇ ) တစ်နေ့ ပျားရည် လက်ဖက် စားဇွန်း နှစ်ဇွန်း စား တာကြောင့် ခြေသလုံး ကြွက် တက်မှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။
 
( ၈ ) ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂ နီဆီယမ် တို့ များများ ပါဝင်တဲ့ အစားအ စာ တွေကို စားပေးပါ။
 
( ၉ ) ခြေသလုံး ကြွက်တက် တဲ့ နေရာကို လာ ဗန်ဒါဆီ၊ ယူကလစ်ဆီ စတဲ့ မရှိ မဖြစ်ဆီ တို့ သုံးပြီး နှိပ်ပေး လိုက်ပါ။ ဒီလို နှိပ်ပြီး ရေ နွေးဆွတ် ထားတဲ့ တဘက် တစ်ထည်နဲ့ ပတ်ပေး ရ ပါမယ်။
Golden Land Myanmar မှပြန်လည်မျှဝေပါသည်။
Good Health

0 comments:
Post a Comment