ဦးနှောက်ကို ထိခိုက်စေသော အမှုအကျင့်များ
 
( ၁ ) နံနက်စာ မစားခြင်း
 
နံနက်စာ ကို အချိန်မှန် အောင် မစားခြင်း ဟာ ဦးနှောက် ကို ထိခိုက်စေ နိုင်ပါ တယ်။ နံနက်စာ ကို မစားခြင်း ဟာ ခန္ဓာ ကိုယ်ကို အားနည်း စေတဲ့ အပြင် ခေါင်းကို မှုးဝေ စေပါတယ်။
 
( ၂ ) အလွန်အကျွံ့စားခြင်း
 
အစား အသောက်များ ကို ပုံမှန် ထက် အလွန် အကျွံ စားခြင်း ဟာ ဦးနှောက် ကို ထိခိုက် စေနိုင်ပါတယ်။
 
( ၃ ) ဆေးလိပ်သောက်ခြင်း
 
ဆေးလိပ် များ အလွန်အကျွံ သောက်ခြင်း ဟာ ဦးနှောက် ကို ထိခိုက် စေတဲ့ အပြင် အခြားသော ရောဂါများ ကိုလည်း ဖြစ်စေ နိုင်ပါတယ်။
 
( ၄ ) ညစ်ညမ်းသော ပတ်ဝန်းကျင် တွင် နေထိုင်ခြင်း
 
ညစ်ညမ်း ပတ်ဝန်းကျင် ဆိုသည် မှာ လေကောင်း လေသန့် ကောင်းစွာ မရသော ဒေသ၊ စိတ် ကို ညစ်ထွေး စေသော ဒေသများမှာ နေထိုင် စားသောက် ခြင်းဟာ ဦးနှောက် ကို ထိခိုက် စေနိုင်ပါတယ်။
 
( ၅ ) အချိုများ အလွန် အကျွံစားခြင်း
 
သကြားဓာတ် ပါသော အစား အစာများ ကို အလွန်အကျွံ စားသောက်ခြင်း ဟာ ဦးနှောက် ကို ထိခိုက် စေနိုင် ပါတယ်။
 
( ၆ ) အိပ်ရေး ဝအောင် မအိပ်စက် ရခြင်း
 
အိပ်ရေး မဝအောင် မအိပ်ခြင်း ကြောင့် ဦးနှောက် ဟာ အနားယူ ချိန် လျော့နည်း စေပါတယ်။ ဒါကြောင့် အိပ်ရေး မဝခြင်း ဟာ သီးနှောက် ကို ထိခိုက် စေနိုင် ပါတယ်။
 
( ၇ ) အိပ်နေစဉ် မျက်နှာအား ဖုံးအိပ်ခြင်း
 
အိပ်နေစဉ် မျက်နှာ ကို အဝတ်၊ ခေါင်းအုံး စသည့် တို့ဖြင့် ဖုံး၍ အိပ်ခြင်း ဟာ အသက်ရှု လမ်းကြောင်း ကို ပိတ်ဆို့ စေသော ကြောင့် ဦးနှောက် ကို ထိခိုက် စေနိုင်ပါတယ်။
 
( ၈ ) စိတ်ရှုပ်ထွေး နေချိန်တွင် အလုပ် လုပ်ခြင်း
 
စိတ်ရှုပ်ထွေး နေချိန်မှာ ဦးနှောက် မှာ ပုံမှန်ထက် ပိုပြီး အလုပ်လုပ် ရပါတယ်။ ဒါကြောင့် စိတ်ရှုပ်ထွေး နေချိန် မှာ အလုပ်လုပ် ခြင်း ဟာလည်း ဦးနှောက် ကို ထိခိုက် စေနိုင် ပါတယ်။
 
( ၉ ) စဉ်းစား တွေးတောမှု နည်းခြင်း
 
ဦးနှောက် ဟာ စဉ်းစား တွေးတောမှု များလေလေ အတွေး အခေါ် မြင့်မား လေလေ ဖြစ်ပါတယ်။ ဒါကြောင့် စဉ်းစား တွေးတောမှု နည်းသူ တွေ ဟာ ဦးနှောက် ကို ထိခိုက် စေနိုင် ပါတယ်။
 
( ၁၀ ) စကားပြော နည်းခြင်း
 
ဦးနှောက် မှာ သိမ်းဆည်း ထာသော အသိဥာဏ် တွေ ဟာ စကား ပြောဆို ရာတွင် ထွက်ပေါ် လာပါတယ်။ ဒါကြောင့် စကားပြော နည်းခြင်း ဟာလည်း ဦးနှောက် ကို ထိခိုက် စေနိုင် ပါတယ်။
 
ကျော်လင်းနိုင် ( ရိုးရာလေး )

Credit to >Golden-Land-Myanmar                                                     ပေါက်ခေါင်းသတင်း 

0 comments:
Post a Comment