ထကြည့်လှဲ့ပါ အ နော် ရ ထာ
သင် တို့လက်ထက် - မျိုးဖျက်ခဲ့သည့်
အရည်းဝါဒ - အဓမ္မသည်
ခုသောအခါလှုပ် ရှားလာပြီ။
ထကြည့်လှဲ့ပါ အ နော် ရ ထာ
သင် တို့ဆရာ မ ထေရ်မဟာ၏
ထေရဝါဒ - မြတ်ဓမ္မ သည်
သံကိုဖျက်တတ် - သံချေးကပ်ပြီ။
ထကြည့်လှဲ့ပါ အ နော် ရ ထာ
သင် တို့တည်ထား - ဓမ္မများကို
အဓမ္မသမား - လူမိုက်များက
ဖျက်စီးကျိုးစား - ထင် ရှားလာပြီ။
ထကြည့်လှဲ့ပါ အ နော် ရ ထာ
သင် တို့လက်ထပ် - သာသနာသက်သည်
ကန်ဘောင်မြင့်မြင့် - ကြာပန်းဝင့်လို့
ကြာပန်းစွင့်စွင့် - ပွင့်လန်းတင့်၏။
ထကြည့်လှဲ့ပါ အ နော် ရ ထာ
ခုသောအခါ - သင့်သာသနာသည်
ကန်ဘောင် ကွဲအက် - ကန်ရေထွက်၏
ကြာပင်နွမ်းလျက် - ကြာပန်းပျက်ပြီ။
ထကြည့်လှဲ့ပါ အ နော် ရ ထာ
နောင်သောအခါသင့်သာသနာသည်
သင့်မြေ ကျော်လှမ်း - လွတ် ရာလမ်းမှ
ငြိုးနွမ်းလှစွာ - ထွက်ခွါပါမည်။
ထကြည့်လှဲ့ပါ အ နော် ရ ထာ
သင် တို့မြေဆုံး - အဓမ္မဖုံး၏
နေလုံးကွယ်ပျောက်
ညအ မှောင်ရောက်၏
လ ရောင် ကွယ်ပျောက်
သန်းခေါင် ရောက်၏
ညဥ့်နက်သန်းခေါင်
မိုးမှောင် တူစွာ
အ မှောင် ဖုံးလွှမ်း
သင့်မြေနွမ်းကို
မှန်းဆကြည့်ပါ
အို....အ နော် ရ ထာ။
(အားလုံးကိုသိစေချင် လို့
ထေရဝါဒ - ခရီးသည် မှ
ဖော်ထုတ်တင်ပြမိတာပါ။
ကျုပ်တို့ခေါင်းဆောင်တွေလုပ်ပုံ
မဟုတ်လို့အ နော် ရ ထာ မင်း ကြီး
လို မင်းတစ်ပါးအရမ်းမျှော်လင့်မိတယ်





 
 
 
 
 
 
 
0 comments:
Post a Comment