ဖုန်းဘက္ထရီခံအောင်ဘာတွေလုပ်ထားရ
 
 တော်တော်များများ သိပြီးသားဖြစ်ပါမယ်။ site တစ်ခုကနေပြန်လည်မျှဝေပါတယ် Battery က ပိုပြီး ကြာရှည်ခံပါလိမ့်မယ်။
 
 (၁) Turn Off Wireless Communications
 wifi , mobile internet , GPS , Bluetooth လိုင်းများကို မလိုအပ်ပဲ 
ဖွင့်မထားပါနဲ့။ Battery အားစားစေတဲ့အထဲမှာ သူတို့လဲ ထပ်ဆုံးကပါပဲ။
 
 (၂) Adjust the Brightness
 Screen အလင်းကို အရမ်းမြှင့်မထားပါနဲ့။ ကျွန်တော်ဆို သုံးပုံ 
တစ်ပုံလောက်ပဲ ထားပါတယ်။ တစ်ကိုယ်စာ မြင်ရရင် တော်ပြီပေါ့။ တစ်ဝက်လောက် 
မြှင့်ထားရင်ကို အားက အနည်းငယ် စားနေပါတော့တယ်။
 
 (၃) Disable unused Home screen widgets
 Widget များ အသုံးပြုချင်းကလဲ အားကုန်စေပါတယ်။ တစ်ချို့ widget များမှာ 
Battery usage အရမ်းသုံးပါတယ်။ animation ပါသော widget များမှာ 
အားအသုံးများပါတယ်။ မလိုအပ်တဲ့ widget တွေကို ဖျက်ပစ်ပါ။
 
 (၄) Turn Off auto synchronization
 Auto Sync လုပ်ထားတာကို ပိတ်ထားတာ အကောင်းဆုံးပါပဲ။ Auto Sync ကို 
ဖွင့်ထားရင် အင်တာနက်အသုံးပြုတိုင်း နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့အတွက် 
အားကုန်စေပါတယ်။ 
 
 (၅) Kill Unnecessary tasks
 မလိုအပ်ပဲ 
အလုပ်လုပ်နေတဲ့ app တွေကို ပိတ်ပစ်ဖို့က Task Killer တစ်မျိုးမျိုး 
မရှိမဖြစ် ထည့်ထားသင့်ပါတယ်။ Task Killer app တွေထဲမှာဆိုရင် Fast Reboot 
ကို သုံးကြည့်ပါ။ အကြိုက်ဆုံးပါပဲ။
 
 (၆) Disable Haptic Feedback
 မှန်ပြင်ကိုထိရင် အသံထွက်တာတို့(သို့)တုန်ခါသွားတ
 Setting ထဲသွားပြီး Sound ဆိုတဲ့အထဲဝင်ကာ Vibrate When ringing , Dialing 
Keypad tone , Touch sounds , Haptic feedback .. စတာတွေကို 
ပိတ်ထားသင့်ပါတယ်။
 
 (၇) Uninstall unnecessary apps
 မလိုအပ်တဲ့
 app တွေကို အမြဲ ရှင်းလင်းပေးပါ။ ကျွန်တော်ဆို App တွေ အများကြီး 
ကလိပါတယ်။ ဒါပေမဲ့ အသုံးမပြုတော့တဲ့ App တွေကို အမြဲ ရှင်းလင်းရေး 
လုပ်ရပါတယ်။ install လုပ်လိုက်ပြီး သုံးကြည့်လို့ မကြိုက်ရင်
 ချက်ချင်း
 uninstall လုပ်ပါ။ မဟုတ်ရင် မေ့သွားတတ်ပါတယ်။ အဲ့အကျင့်လေးတော့ 
ရှိစေချင်တယ်။ ရှင်းလင်းရေး မလုပ်မိရင် app တွေများလာပြီး Battery လဲစား၊ 
ဖုန်းလဲ လေးလာပါတယ်။
 
 (၈) Do not use many Live Wallpapers
 
Live Wallpaper သုံးခြင်းကလဲ Battery ကို အားကုန်စေပါတယ်။ နည်းနည်းပါးပါး 
ထည့်ထားရင် အကြောင်းမဟုတ်ပါဘူး။ တစ်ချို့မှာ Live Wallpaper တွေ အများကြီး 
ထည့်ထားတတ်ပါတယ်။ အသုံးမပြုသော်လဲ ထည့်ထားလိုက်တာနဲ့ သူ့မှာပါတဲ့ 
ကြေငြာများ၊ feedback function တွေက online ချိတ်လိုက်တာနဲ့ အလုပ် 
လုပ်တတ်ပါတယ်။ ဒါတွေကလဲ အားကုန်စေပါတယ်။
 
 (၉) Use battery saving apps
 Battery saver တွေ အသုံးပြုသင့်ပါတယ်။ သတိထားရမှာက Battery saver တွေ သုံးရင် ကိုယ့်ဖုန်းနဲ့ ကိုက်ညီတာကို ရွေးသုံးသင့်ပါတယ်။
 နောက်ပြီး Pro version တွေကိုပဲ အသုံးပြုသင့်ပါတယ်။ Root နဲ့ 
အသုံးပြုရတာမျိုးကို ပိုသုံးသင့်ပါတယ်။ တစ်ချို့က ပြောတယ် .. Battery saver
 ထည့်လဲ အလကားပဲ .. အားက ကုန်တာက ကုန်တာပါပဲဆိုပြီး။ တကယ်တော့ အဲ့ဒါက မိမိ 
Battery မကောင်းရင်တော့ ဘယ်လို Battery saver ပဲ သုံးသုံး ကုန်မှာပါပဲ။ 
Battery saver တွေရဲ့ ရည်ရွယ်ချက်က Battery သက်တမ်း ကြာရှည်စွာ 
အသုံးပြုနိုင်အောင်ပါ။ ဒါကြောင့် ကိုယ့်ဖုန်းအမျိုးစားနဲ့ 
သင့်တော်မယ့်ဟာကိုသာ အသုံးပြုကြပါ။
 Battery Doctor , Battery Booster , DX Battery Saver စတာတွေ လန်းပါတယ်။
 
 (၁၀) Use Optimizer Apps
 Optimizer app တွေကို အသုံးပြုသင့်ပါတယ်။ သူတို့က ဖုန်း Memory ထဲမှ 
မလိုအပ်သော Cache file များ၊ History file များ ကို ရှင်းလင်းပေးပါတယ်။
 နောက်ပြီး system ကို ပြန်လည်သွက်လက်အောင်လဲ system memory ကို
 ရှင်းပေးပါသေးတယ်။ Advance Mobile Care , Android Optimizer , Booster 
အစရှိတဲ့ App တွေက Optimizer function တွေ အပြည့်ဝ လုပ်နိုင်ပါတယ်။
 
 ဒီအချက်(၁၀)ချက်သာ ပြုလုပ်ထားရင် မိမိ ဖုန်းက ခဏလေးနဲ့ အားကုန်သွားတဲ့ 
ပြဿနာကနေ ကင်းဝေးသွားစေပါမယ်။ Battery အသေတပ်ဆင်ထားသော ဖုန်းတွေမှာ 
မဖြစ်မနေ လုပ်ထားသင့်ပါတယ်။
 ဈေးကြီးတယ်လေ။ ဖြုတ်လဲရရင် ဈေးက မသေးဘူး။ အားလုံးပျော်ရွှင်ပါစေ။
 သိပြီးသားသူများကျော်သွားနိုင်ပါတယ်။                                             ပေါက်ခေါင်းသတင်း
Tuesday, October 8, 2013
Subscribe to:
Post Comments (Atom)






 
 
 
 
 
 
 
0 comments:
Post a Comment