၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဘွဲ့လက်မှတ်များ အာဆီယံ အသိအမှတ်
 ပြုမည်
 
 9/Oct/2013
 
 ပညာရေးဝန်ကြီးဌာန၏ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ပထမငါးနှစ် စီမံကိန်းအကုန်
 ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မြန်မာနိုင်ငံတွင်းက တက္ကသိုလ်များ၏ 
ဘွဲ့လက်မှတ်များသည် အာဆီယံ ဒေသတွင်း အသိအမှတ် ပြုနိုင်ရန် စီစဉ်ထားကြောင်း 
အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ ညွှန်ကြားရေးမှူးချုပ် 
ဦးဇော်ဌေးက ပြောကြားသည်။ အဆိုပါ နှစ်တိုငါးနှစ် စီမံကိန်းကို
 ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ထားပြီး 
ယင်းစီမံကိန်းသည် ပညာရေးဝန်ကြီးဌာန၏ အနှစ် ၃၀ နှစ်ရှည်စီမံကိန်း၏ 
ရေတိုစီမံကိန်း တစ်ခု ဖြစ်သည်။ “တက္ကသိုလ်ဆိုလည်း နိုင်ငံတကာ 
အသိအမှတ်ပြုဖို့။ ဘွဲ့ဆိုလည်း နိုင်ငံတကာ အသိအမှတ်ပြုဖို့ပါ” ဟု ၎င်းက 
ထပ်လောင်း ပြောဆိုသည်။ ယင်းအပြင်ပညာရေး ဝန်ကြီးဌာနက Quality Assurance 
စနစ်တည်ထောင်ပြီး နိုင်ငံတကာ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် 
ပူးပေါင်းတိုးချဲ့ရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်၊ ဥပဒေ ဘာသာရပ်၊ 
စီးပွားရေး ဘာသာရပ် သင်ကြားမှု မြှင့်တင်ရေးအပြင် တက္ကသိုလ်ဝင်ခွင့်စနစ် 
ပြောင်းလဲရေးတို့ အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဌေး 
တင်သွင်းသော ပညာရေး ဆိုင်ရာ မူဝါဒစာတမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ
 ဘွဲ့ကြိုတန်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာ 
တက္ကသိုလ်များတွင် သွားရောက် ပညာသင်ကြား လိုသော်လည်း တက္ကသိုလ်များ၏ 
အရည်အသွေး အကဲဖြတ်ပုံခြင်း ကွဲပြားမှုကြောင့် ကျောင်းဝင်ခွင့်အတွက် 
ခက်ခဲနေကြောင်း၊ လက်ရှိပညာရေး မူဝါဒများ ရေးဆွဲရာတွင် အဆိုပါအချက်များ 
ထည့်သွင်းသင့်ကြောင်း မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါ်ခင်ဆွေမြင့်က 
ပြောကြားသည်။ “ဒီအတိုင်း တင်လိုက်တော့ တက္ကသိုလ်က လက်ခံပေးတယ်။ 
ဘွဲ့လက်မှတ်ကို ဘာသာပြန် တင်ပေးစရာတောင် မလိုဘူး” ဟု ဖိလစ်ပိုင်နိုင်ငံ 
Ateneo De Manila University တွင် သင်ကြားနေသူ ကျောင်သားတစ်ဦးက 
ပြောဆိုသည်။ အာဆီယံ ဒေသတွင်း တက္ကသိုလ်များ ကွန်ရက်ဝင် တက္ကသိုလ် များတွင် 
ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပါဝင်ကြောင်း ၂၀၁၃ 
ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 
                                                                     ပေါက်ခေါင်းသတင်း
Thursday, October 10, 2013
Subscribe to:
Post Comments (Atom)




 
 
 
 
 
 
 
0 comments:
Post a Comment