Gmail account အလွယ်တစ်ကူလုပ်နည်း
 
 
 ကျွန်တော် ဖုန်းနဲ့ ရော Computer နှစ်မျိုးလုံးလုပ်နည်း ရေးပေးထားပါတယ်။
 
 ဖုန်းနဲ့ လုပ်နည်း အရင်ပြောပါမယ်။
 မသိတဲ့သူတွေကိုရည်ရွယ်
 ပီးရေးတဲ့အတွက် အသေးစိတ်ရေးပေးထားပါတယ်။
 သိပီးတာဆိုရင်တော့ကျော်သွားတာအကောင်းဆုံးပဲဗျာ။
 
 ၁-ပထမဆုံး Gmail လိပ်စာဖြစ်တဲ့
 https://mail.google.com/ ကိုဝင်လိုက်ပါ။
 ပီးရင် account အသစ်လုပ်မှာဆိုတော့။Creat an account ကိုနှိပ်လိုက်ပေါ့။
 
 ၂-ထုံးစံအတိုင်း
 Name ကိုကိုယ့်စိတ်ကြိုက်နာမည်ရေးပေါ့၊
 User name ကကိုယ့်ရဲ့  Gmail လိပ်စာဖြစ်မှာဖြစ်တဲ့အတွက် လိပ်စာလှလှလေးရွေးပေါ့ဗျာ။Password ကိုတော့တခြားသူတွေ
 မသိနိုင်မဲ့စာလုံးတွေရေးပေါ့၊Numberတွေနဲ့ ရောရေးရင်ပိုကောင်းပါတယ်။
 Comfirm ur password ကတော့ခုနကရေးခဲ့တဲ့ Password ကိုပြန်ရေးပါ။
 Password ကို copy & paste လုပ်ပီးရေးတာမကောင်းပါဘူး။ကိုယ်တိုင်စာလုံး
 ရိုက်ပီးရေးတာပိုကောင်းတယ်။
 
 ၃-Birthday ကတော့ကိုယ့်မွေးနေ့ ထည့်
 ပေါ့။Gender ကတော့ ယောက်ျားလေး
 ဆိုရင် Male ကိုရွေးပေါ့။မိန်းကလေး
 ဆိုရင် Female ပေါ့။ဟိုမရောက်ဆိုရင်other ပေါ့  :D။
 
 ၄-ဖုန်းနံပါတ်ထည့်ရတဲ့အဆင့်မရကြတာနဲ့ တူတယ်။
 အရင်တုန်းကတော့ ဖုန်းနံပါတ်မထည့်ပဲ Skip လုပ်သွားရင်ရတယ်။
 အခုတော့လုံးဝကို ကိုယ့်ရဲ့ ဖုန်းနံပါတ်အတည်ထည့်မှ ရမှာပါ။
 ဖုန်းနံပါတ်ထည့်ရမဲ့နေရာမှာ-
 မြန်မာနိုင်ငံကုတ်နံပါတ်ဖြစ်တဲ့ +95
 နဲ့ စထားပေးပါတယ်။+95 နောက်မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်အတည်ကိုထည့်ပါ။09 မှာ0 ထည့်စရာမလိုပါဘူး။eg  +9592001234
 
 ၅-Your Current Email Address မှာ
 မိမိ လက်ရှိ(သို့ )အရင်ကသုံးဖူးတဲ့လိပ်စာတစ်ခုရှိရင်ရိုက်လိုက်ပါ။
 ဘာလိပ်စာမှမရှိဘူးဆိုရင် ကိုယ့်အယုံကြည်ရဆုံး
 သူငယ်ချင်းလိပ်စာတစ်ခုရိုက်ထည့်ပါ။ဒီအကွက်လည်း မှန်မှန်ကန်ကန်
 ဖြည့်ရင်ပိုကောင်းပါတယ်။ဘာလို့ လည်းဆိုတော့ Gmail Password
 ကိုအကြောင်းအမျိုးမျိုးကြောင့် မသိတော့ဘူးဆိုရင် Your Current Email Address
 မှာရိုက်ထားတဲ့ Email လိပ်စာနဲ့ Password ပြန်ယူလို့ ရပါတယ်။
 
 
 
 
 ၆-Type the test ဆိုတဲ့အဆင့်ကိုကျော်
 မှာမလို့ ဘယ်ဘက်ဘေးနားကskip ဆိုတာကိုနှိပ်လိုက်ပါ။
 ဘာလို့ ကျော်ခိုင်းလည်းဆိုတော့အဲ့အဆင့်
 မှာကျော် ကျော် ၊မကျော် ကျော် နောက်ဆုံးအဆင့်မှာဖုန်းနံပါတ်ရိုက်ရမှာမလို့ ပါဘဲ။
 (အရင်တုန်းကတော့ အဲ့အဆင့်ထည့်ပီးContinue နဲ့ ထပ်သွားရင် ဖုန်းနံပါတ်
 ထည့်ခိုင်းတဲ့အဆင့်ကို ရောက်သွားတယ်။ဖုန်းနံပါတ်ကို skip နဲ့ ကျော်သွား
 လို့ ရတယ်။အခုအဲ့လိုမရတော့ပါ)
 
 
 ၇- I agree to google ဘာညာဘာညာ
 ဆိုတာဆိုတဲ့ ဘယ်ဘက်ဘေးကအ
 ကွက်ကိုကလစ်လိုက်ပါ။Continue မလုပ်ခင်အပေါ်က
  ကိုယ်ဖြည့်ထားတာတွေ သေချာပီလားဆိုလားတစ်ခေါက်လောက်ပြန်ကြည့်ပါ။
 စိတ်တိုင်းကျပီဆိုရင်တော့ CONTINUEကို နှိပ်လိုက်ပါ။
 
 ၈-ပီးရင် Verify your account ဆိုတဲ့အဆင့်ရောက်ရင်တော့ Account ရဖို့ 
 95% သေချာနေပီ။စာရွက်တစ်ရွက်နဲ့ 
 ဘောပင်တစ်ချောင်းလောက်ယူထားလိုက်ပါ။Google က ဖုန်းဆက်ပီး
 Code ၅လုံးပို့ မှာမလို့  မှတ်ရအောင်လို့  ယူခိုင်းတာပါ။Phone Number ဆိုတဲ့အကွက်မှာ
 ခုနကရိုက်ထားတဲ့ ကိုယ့်ရဲ့ ဖုန်းနံပါတ်ပေါ်နေပါလိမ့်မယ်။ကိုယ့်ဖုန်းနံပါတ်
 သေချာပီလား။သေချာရင်တော့အဲ့အကွက်အောက်မှာ
 Verify လုပ်ဖို့  Code ပို့ ပေးမဲ့ Test messageနဲ့  Voice Call ကိုတွေ့ ရင် Voice Call
 ကိုရွေးလိုက်ပါ။Test message က မသေချာလို့ မရွေးတာပါ။
 ပီးရင်တော့ Continue ကိုနှိပ်လိုက်ပါ။
 
 ၉-နောက် page တစ်ခုရောက်သွားပါလိမ့်မယ်။
 ငါးစက္ကန့်  ဆယ်စက္ကန့် လောက်နေရင် ဖုန်းခေါ်ပါလိမ့်မယ်။Code နံပါတ် ၅ လုံး
 ကို ၂ ခါပြောပြပါလိမ့်မယ်။သေချာမှတ်ထားပါ။တကယ့်လို့ မကြားလိုက်ရဘူး
 ဆိုရင် Retry ဆိုတဲ့ စာလုံးကိုနှိပ်ပါ။ပြန်ပီးဖုန်းဆက်ပါလိမ့်မယ်။
 
 ၁၀-Code ဖြည့်ရမဲ့အကွက်မှာခုနကပို့ လိုက်တဲ့ ကုတ်တွေဖြည့်ပီးContinue နှိပ်လိုက်ပါ။
 သည်အဆင့်ကိုမှန်မှန်ကန်ကန်ဖြည့်နိုင်ရင်တော့ Gmail Account လုပ်တာ
 အောင်မြင်သွားပါပီ။အဆင်ပြေပါစေ။   ပေါက်ခေါင်းသတင်း
 
Sunday, September 22, 2013
Subscribe to:
Post Comments (Atom)




 
 
 
 
 
 
 
0 comments:
Post a Comment