ပိုင်ဆိုင်မှု
 အထောက်အထား မပြနိုင်သော်လည်း မူလဓားမဦးချ လုပ်ကိုင်ခဲ့သူများကို ကျေးရွာ ၊
 ရပ်ကွက်နေပြည်သူများ က ထောက်ခံပေး လျှင် မြေယာပိုင်ဆိုင်ခွင့်ရရှိရန် 
ဆောင်ရွက်ပေးသွားမည်
 ==============================
 ကျော်ဇေယျ ၊ ငယ်ထွေး(ကလေး)
 ==============================
 
 ရန်ကုန် ၊ စက်တင်ဘာ ၂၇။ ။ မြေ ယာပိုင်ဆိုင်မှုအထောက်အထား တင်ပြနိုင်ခြင်းမရှိသော်လည်း မူ လဓားမဦးချ လုပ်ကိုင်စားသောက် ခဲ့ကြသည့်ပြည်
 သူများ ကို ကျေးရွာ၊ ရပ်ကွက်နေပြည်သူများမှ ယင်း တို့သည် အမှန်တကယ်ပင် မူလ
 ဓားမဦးချ လုပ်ကိုင်သူများဖြစ် သည်ဟု ထောက်ခံပေးကြလျှင် 
မြေယာပိုင်ဆိုင်ခွင့်များ ရရှိနိုင်စေ ရန် ဆောင်ရွက်ပေးသွားမည်ဟု 
ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီ ၏ ပြန်ကြားရေးတာဝန်ခံ ပြည် ထောင်စုဝန်ကြီး 
ဦးဝင်းထွန်းက ပြောကြားသည်။
 
 စက်တင်ဘာ၂ရရက်က 
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနရုံး ချုပ် 
နေပြည်တော်၌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်ဖွဲ့စည်း ထားသည့် 
ဗဟိုမြေယာစီမံခန့်ခွဲ မှု ကော်မတီအသစ်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင်
 ပြည် ထောင်စုဝန်ကြီးက ပြောကြား ခြင်းဖြစ်သည်။
 
 ထို့အပြင် 
မြေယာပိုင်ဆိုင် မှုများ အမှန်တကယ်ရရှိခဲ့သော် လည်း အကြောင်း အမျိုးမျိုး 
ကြောင့် ပြေစာများနှင့်ပိုင်ဆိုင်မှု အထောက်အထား များအား ဆုံး ရှုံးခြင်း၊ 
ပျောက်ဆုံးခြင်း၊ ပျက်စီး ခြင်းတို့ကြောင့် မြေယာပိုင်ဆိုင်မှု များ 
ဆုံးရှုံးခဲ့ကြသူများကိုလည်း ကျေးရွာ၊ ရပ်ကွက်ပြည်သူများ မှ ထောက် 
ခံပေးခြင်းဖြင့် မြေယာပိုင် ဆိုင်မှုများ ပြန်လည်ရရှိနိုင်ရန်ကို လည်း ဆောင်
 ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီး ဦးဝင်းထွန်း က ပြောသည်။
 
 သတင်းအပြည့်အစုံသို့ =>http://goo.gl/vnMEab
 
 အေးချမ်းမွန် Credit To >Yangon Media Group < Thanks
 Re-posted By ACM 28-9-2013 
 https://www.facebook.com/
Saturday, September 28, 2013
Subscribe to:
Post Comments (Atom)




 
 
 
 
 
 
 
0 comments:
Post a Comment