သားသား မီးမီး တို.အတွက် ဓမ္မလက်ဆောင်
 
 က  ကလေးငယ် ချစ်စဖွယ် ၊ကုသိုလ်ကောင်းမူပြုရမယ်
 ခ    ခရေကုံး မလေးပြုံး၊  ခန္တီနှလုံး အစဉ်သုံး 
 ဂ  ဂဏာန်းသင် ပြုံးရွှင်ရွှင် ၊ဂုဏ်တော်ပွားတာ စိတ်ကြည်လင်
 င  ငချိပ်ပေါင်း စားလို.ကောင်း ၊ငတ်မွတ်သူကို ပေးလှူကောင်း 
 စ  စခန်းသာ တောင်တန်းပြာ၊ စိတ်ကို ဖြူအောင်ထားကြပါ
 ဆ ဆရာမ ရိုသေကြ၊  ဆုံးမစကားကို လိုက်နာကြ
 ဇ  ဇလပ်ဖြူ သင်းသင်းကြူ၊  ဇွဲကောင်းတဲ.သူ အောင်ဆုယူ
 ည ညနေခင်း ရေခပ်ဆင်း၊ ဥာဏ်ကောင်းအလင်း ကုသိုလ်မင်း
 တ တမာပင် ရွာအ၀င်၊ တရားဂုဏ်အင် အမြဲဆင်
 ထ ထမင်းနဲ လက်ဆုံနွဲ၊ ထူးချွန်မြတ်တဲ. ကုသိုသ်ပွဲ
 ဒ  ဒရယ်ယုန် သားမျိုးစုံ၊ ဒါနအစုံ ကုသိုလ်ပုံ
 ဓ ဓနိတန်း ပင်လယ်ကမ်း ၊ဓမ္မစခန်း အရောက်လှမ်း
 န  နဖူးပြင် နံ.သာပြင် ၊နူးညံ.စိတ်ကို အမြဲဆင်
 ပ  ပလွေမှုတ် ကိုဖိုးတုတ် ၊ပါရမီလုပ် ကုသိုလ်ထုပ်
 ဖ  ဖရုံယို အလွန်ချို ၊ဖြူစင်စိတ်ကို ကုသိုလ်ပို
 ဗ  ဗလကြီး ဆင်ပြောင်စီး  ၊ဗုဒ္စ စည်ကြီး အမြဲတီး
 ဘ  ဘဘိုးအို ဆီးလို.ကြို ၊ ဘာဝနာဆိုတာအမြဲလို
 မ  မမလေး ၀လုံးရေး ၊မိဘအလုပ်ကို ကူညီပေး
 ယ  ယမင်းခင် ကကြိုးဆင် ၊ယဉ်ကျေးမူ.သင် စိတ်ကောင်းဆင်
 ရ  ရထားကြီး ပျော်ပျော်စီး ၊ရိုင်းစိုင်းစိတ်ကြီး ချုပ်ကာတည်း(တီး)
 လ လ၀ါဝါ ထိန်ထိန်သာ ၊လီမ်ညာမူ.တွေ ရှောင်ရှားပါ
 ၀  ၀တုတ်တုတ် ဖိုးဝရုပ်၊ ဝေယျာဝစ္စ အကုန်လုပ်
 သ သပြေညို အောင်ပွဲကြို ၊သတိရှိဖို. အမြဲလို
 ဟ ဟဟာဟ ရယ်လိုက်ရ ၊ဟဒယအလှ ဖြူစင်ကြ
 အ အမိမြေ တို.တိုင်းပြည် ၊ငါတို.ချစ်တဲ. အမိမြေ။
     အရဟံ မြတ်စွာ သာသနာ ၊ရောင်ဝါလင်းအောင် တို.စွမ်းဆောင်
     တို.စွမ်းဆောင်  တို.စွမ်းဆောင်။
 သာသနာ ရောင်ဝါနေသို.ထွန်းစေရန် ရည်သန်လျက်     ပေါက်ခေါင်းသတင်း
Monday, September 23, 2013
Subscribe to:
Post Comments (Atom)






 
 
 
 
 
 
 
0 comments:
Post a Comment