၁၅၀၀ တန် သက်တမ်းလွန် ဆင်းမ်ကတ်ပျက်များ ပြန်ထုတ်မပေးတော့ပါ
 Saturday, September 14, 2013
 
 ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ်များ သတ် မှတ်ရက်အတွင်း အသုံးပြုခြင်း မရှိသည့်အတွက်
 ကတ်ပျက်သွား ပါက ပြန်လည်လျှောက်ထား ခွင့် ပြုတော့မည်မဟုတ်ကြောင်း စာ 
တိုက်နှင့်ဆက်သွယ်ရေးရုံး စာတိုက်ကြီး (ရန်ကုန်)မှ သိရသည်။ 
ဂျီအက်စ်အမ်နှင့် MEC တံ ဆိပ် CDMA ဆင်းမ်ကတ်များ ကို 
သတ်မှတ်ထားသည့်စာချုပ်ပါ စည်းကမ်းအတိုင်း ၁၅ရက်အတွင်း ငွေဖြည့်ကတ်ဖြည့်သွင်း၍
 အသုံး မပြုခြင်း၊ တစ်လလျှင် ကျပ်၂၅၀၀ ကုန်ဆုံး အောင် အသုံးမပြုခြင်း 
တို့ကြောင့် ကတ်သက်တမ်းကျော် လွန်သွားပါက ယင်းဆင်းမ်ကတ် 
ပြန်လည်ထုတ်ပေးတော့မည်မ ဟုတ်ကြောင်း သိရသည်။
 
 
''အခုတန်ဖိုးနည်းဖုန်းတွေ ချပေးတာကလဲ ငါးလလောက်ရှိ ပြီဆိုတော့ 
သုံးစွဲတဲ့သူတွေလဲသုံး တတ်ပြီလို့ယူဆပြီး သက်တမ်းလွန် ကတ်တွေကို 
ပြန်လည်လျှောက် ထားခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အရင်ကတော့ စာတိုက်ကြီးမှာ 
လာလျှောက် ရင် ပြန်ထုတ်ပေး တယ်။ အခုတော့ သတ်မှတ်ရက် အတွင်းမသုံးရင် 
ကတ်တစ်ခါတည်း ပျက်စီးမှာပါ။ ဂျီအက်စ်အမ်ရော စီဒီအမ်အေရော လျှောက်ထား 
ခွင့်ရပ်ထားလိုက်ပါပြီ''ဟု စာတိုက် ကြီး(ရန်ကုန်)မှ တာဝန်ရှိသူတစ် ဦးက 
ပြောသည်။
 
 လက်ရှိ အချိန်တွင် စာတိုက် ကြီး(ရန်ကုန်)မှ ဆင်းမ်ကတ် 
ပျောက်ဆုံးခြင်းအတွက်သာ ကျပ် ၂ဝဝဝဝပေးသွင်း၍ ဖုန်းစာချုပ် နှင့် 
ကိုင်ဆောင်သူ၏မှတ်ပုံတင် မိတ္တူပါရှိမှသာလျှင် လက်ခံဆောင် 
ရွက်ပေးလျက်ရှိသည်။ ''ဆင်းမ်ကတ်က သက် တမ်း လွန်သွား လို့ ပျက်သွားတဲ့ကတ် 
ကိုလဲ ပျောက်ဆုံးဆိုပြီးလျှောက် လို့မရပါဘူး။ ဆာဗာမှာ ကတ်ကို 
ပြန်စစ်လိုက်ရင် ကတ်ပျက်လား၊ သက်တမ်းလွန်တာလားဆိုပြီး ပေါ်ပါတယ်။ ဒါကြောင့် 
တန်ဖိုး နည်းဖုန်းကိုင်တဲ့သူတွေအနေနဲ့ စည်း မျဉ်း အတိုင်း ဂရုစိုက်ပြီးသုံး
 ပေးဖို့လိုအပ်ပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။
 
 
တန်ဖိုးနည်းဖုန်းများ အသုံး ပြုသူများအနေဖြင့် ဆင်းမ်ကတ် အသုံးပြုရန်အတွက် 
သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်း များကို ဖြေလျှော့ပေးစေလိုပြီး 
တစ်လအတွင်းသုံးစွဲရသည့် ကျပ် ၂၅ဝဝမှာလည်း ဆင်းမ်ကတ်အ သုံးပြုသူများ အတွက် 
များပြား ကြောင်း တန်ဖိုးနည်းဖုန်းကိုင် ဆောင်သူအများစုက ဆိုသည်။
 
 ဖူးပွင့်သော်
 The Yangon   သတင်းပေါင်းစုံမှကူးယူဖေါ်ပြပါသည
Sunday, September 15, 2013
Subscribe to:
Post Comments (Atom)




 
 
 
 
 
 
 
0 comments:
Post a Comment